မြစ်ကြီးနားမြို့တွင် လူမဲ့သပိတ်ပြုလုပ်ထားသော်လည်း စစ်ကောင်စီအားပေးသူများ ပြန်ဖြုတ်သွား

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ယနေ့နံနက်မှ စတင်ကာ မိုဘိုင်းလ်ဖုန်းအင်တာနက်များ ဖြတ်တောက်ထားသည်ဟု သိရသည်။

မိုဘိုင်းလ်ဖုန်းအော်ပရေတာများဖြစ်သည့် တယ်လီနော၊ MPT၊ MyTel နှင့် အော်ရီဒူးတို့၏ အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဝိုင်ဖိုင် (WiFi) အင်တာနက်လိုင်းများသာ ရရှိနေသည်။
မြန်မာပြည်သူအများစုသည် မိုဘိုင်းလ်ဖုန်းအင်တာနက်များကို အမှီပြုနေရပြီး အထူးသဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်မှုကို မိုဘိုင်းလ်ဖုန်းအင်တာနက်လိုင်းများကို အသုံးပြုကာ တိုက်ရိုက်တင်ပြနေရသည်။
မိုဘိုင်းလ်ဖုန်းအင်တာနက်များကို မည်သည့်အချိန်အထိ ဖြတ်တောက်ထားမည်ကို မသိရှိရပါ။

Photo Credit – NetBlocks

သင့်ထင်မြင်ချက်ရေးပေးပါ