ဖားကန့်မြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရ

ဖားကန့်မြို့တွင် ယနေ့ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အကြမ်းဖက်ဖြိုခွင်း ခံခဲ့ရသည်။

ဆန္ဒပြသူများသည် ကြွေးကြော်သံများ သံပြိုင်အော်နေစဉ် ရဲတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ပြီး အချို့ဖမ်းဆီးခံခဲ့ရသည်။
ထိခိုက်ဒဏ်ရာရရှိသူများ ရှိ၊ မရှိကို The 74 Media က စုံစမ်းနေဆဲဖြစ်ပြီး ၁၁ နာရီ ၄၅ မိနစ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့ဆုံနေဆဲဖြစ်သည်။
ဆက်လက်ဖော်ပြပါမည်။

Photo Credit

သင့်ထင်မြင်ချက်ရေးပေးပါ