ရွှေကူမြို့ကလူငယ်များ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့စစ်အာဏာရှင်ကိုတော်လှန်

ကချင်ပြည်နယ် ရွှေကူမြို့ပေါ်မှာ မတ်လ ၁၃ ရက်နေ့မှာစစ်တပ်နဲ့ရဲကမြို့အတွင်းလှည့်လည်ပြီးဆန္ဒထုတ်ဖော်တာတွေကိုတားဆီးနေလို့လူငယ်တွေက ဆိုင်ကယ်တွေနဲ့ ကျေးရွာတွေဘက်လှည့်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရွှေကူမြို့ကလူငယ်များ ဆိုင်ကယ်သပိတ်စစ်ကြောင်းနဲ့စစ်အာဏာရှင်ကိုတော်လှန်

 

ဆန္ဒဖော်ထုတ်ရာမှာပါဝင်တဲ့ပြည်သူတစ်ယောက်
“မြို့ပေါ်မှာ ဆန္ဒဖော်ထုတ်ဖို့လူစုနေတယ်လို့ ဒလံတွေကသတင်းပေးလိုက်တာနဲ့ရဲနဲ့စစ်သားတွေကချက်ချင်းရောက်လာပြီး တားဆီးနှောင့်ယှတ်နေတော့ ဘယ်လိုမှအဆင်မပြေဘူး အဲ့ဒိတော့ မြို့ပေါ်မှာမရရင်ရွာတွေကိုလှည့်မှာပဲ အဓိက ကျွန်တော်တို့ပြည်သူတွေစစ်အာဏာရှင်ကိုအလိုမရှိဘူးဆိုတာ ကမ္ဘာကသိအောင် နည်းမျိုးစုံနဲ့ဆန္ဒဖော်ထုတ်နေမှာပဲ”လို့ပြောပါတယ်။
ရွှေကူမြို့ပေါ်မှာ စစ်တပ်နဲ့ရဲက မတ်လ ၈ ရက်နေ့ကစပြီးကားတွေနဲ့လှည့်ပြီးသပိတ်စစ်ကြောင်းတွေကိုလိုက်လံတားဆီးနေတာပဲဖြစ်ပါတယ်။

ကျော်ဇေယျ(ရွှေကူ)

သင့်ထင်မြင်ချက်ရေးပေးပါ