CDM လှုပ်ရှားမှုတွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများကို ဝန်ထမ်းအိမ်ယာမှပြောင်းရွှေ့ခိုင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ ဆေးရုံအုပ်မှ CDM တွင်ပါဝင်ပြီး လက်ရှိကျန်းမာရေးဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ဝန်ထမ်းများကို ပြောင်းရွှေ့ခိုင်းကြောင်း သိရသည်။

CDM လှုပ်ရှားမှုတွင်ပါဝင်သော ကျန်းမာရေးဝန်ထမ်းများကို ဝန်ထမ်းအိမ်ယာမှပြောင်းရွှေ့ခိုင်း

မြစ်ကြီးနားပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီးက ကျန်းမာရေးဝန်ထမ်းအိမ်ရာတွင် နေထိုင်သော ဆေးရုံဝန်ထမ်းများကို ဖိအားပေးနိုင်ရန်ရည်ရွယ်ပြီး ဝန်ထမ်းအိမ်ရာမှ ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်နိုင်သည်ဟု ကျန်းမာရေးဝန်ထမ်း တစ်ဦးက The 74 Media ကို ပြောသည်။
“ကျွန်မတို့ကို စာထုတ်တာတော့မရှိဘူး၊ ဒါပေမဲ့ ဆေးရုံအုပ်ကြီးက CDM မလုပ်တဲ့သူတွေကနေ တဆင့် ဖုန်းဆက်ပြီး ဖုန်းကနေပဲပြောင်းဖို့ ဖိအားပေးလို့ ထွက်လာတာဟုတ်တယ်။ သူတို့ကတော့ ရုံးတက်ဖို့ ခြိမ်းခြောက်တာဖြစ်လောက်တယ်။ ဒါပေမဲ့ ကျွန်မတို့ကလည်း ရုံးမတက်ဖို့ ဆုံးဖြတ်ထားပြီးသားဆိုတော့ ပစ္စည်းအကုန်ယူပြီး ဆင်းလာခဲ့လိုက်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြောင်းရွှေ့ခိုင်းသောကြောင့် အချို့နယ်ဝေးမှ လာရောက်တာဝန်ထမ်းဆောင်နေသော ဆေးရုံဝန်ထမ်းများအနေဖြင့် အခက်အခဲကြုံနေရကြောင်းသူကဆက်ပြောသည်။
လက်ရှိအချိန်တွင် မြစ်ကြီးနားပြည်သူ့ဆေးရုံ၌ အလုပ်မဆင်းသော ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၄၀၀ ခန့်ရှိပြီး အလုပ်ဆင်းနေသူ ဝန်ထမ်း ၁၀၀ ခန့်ရှိသည်။
အလုပ်ဆင်းနေသူများတွင် ရုံးပိုင်းဆိုင်ရာဝန်ထမ်းနှင့် ဝန်ဆောင်မှုပေးသော လုပ်သားအများစုပါဝင်သည်။

မြစ်ကြီးနားပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် ဖေဖော်ဝါရီ ၃ ရက်နေ့မှ စတင်ကာ CDM ဝန်ထမ်းအဖြစ် ခံယူပြီး ဆေးရုံမှတာဝန်များကို ထမ်းဆောင်ခြင်းမရှိတော့သည်မှာ ၃၇ ရက် ကြာပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ