KIO-KIA

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ နန့်ဟိုင်ကျေးရွာအနီးရှိ တောင်ပေါ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ယနေ့နံနက်တွင် အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရပါတယ်။

ယနေ့နံနက် ၅ နာရီခွဲမှ ၇ နာရီကျော်အထိ နှစ်ဖက်အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နံနက် ၈ နာရီခန့် ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာနေရာသို့ လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
နှစ်ဖက်အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဟု သိရသည်။

နှစ်ဖက်အကျအဆုံးကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ