ပူတာအိုက ဖမ်းဆီးခံလူငယ် မိသားစုနှင့်​တွေ့ခွင့်မရ

ယမန်နေ့ မတ်လ ၈ ရက်နေ့ မြစ်ကြီးနားမြို့၊ ‌အောင်နန်းရပ်ကွက်အတွင်း ဖမ်းဆီးခံရသူများကို စိစစ်ကာ အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု သိရသည်။

မတ်လ ၈ ရက်နေ့က ဖမ်းဆီးခံရသူများကို စိစစ်ကာ အရေးယူမှုများလုပ်ဆောင်သွားမည်ဟုဆို

 

ယမန်နေ့က မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ ကက်သလစ်ဘုရားကျောင်းအနီး၌ ရဲနှင့် စစ်သားများက လူစုဖြိုခွင်းခဲ့ချိန်တွင် ဖမ်းဆီးသွားသူများ၏ဖုန်းများကို စစ်ဆေးမှုများပြုလုပ်နေပြီး အချို့ကို အရေးယူမည်ဟုသိရကြောင်း PCG မှ ဦးလမိုင်ဂွမ်ဂျာက The 74 media ကိုပြောသည်။
“ကျန်တဲ့သူတွေကို့တော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ စိစစ်ဆဲဖြစ်တယ်၊ ဖုန်းတွေ၊ ပါဝင်ပတ်သက်မှု‌တွေကို စစ်တယ်၊ live လွင့်တာတွေ၊ စည်းရုံးလှုံ့ဆော်တာတွေကိုတော့ ပုဒ်မတပ်ပြီးအရေးယူမယ်လို့ပြောတယ်။ ခုချိန်ထိတော့ စိစစ်ဆဲအခြေအနေဖြစ်နိုင်တယ်” ဟု ပြောသည်။
မတ်လ ၈ ရက်နေ့က ဖမ်းဆီးခံရသူ စုစုပေါင်း ၉၁ ဦးဖြစ်သည်။

PCG အဖွဲ့က ညှိနှိုင်းပေးခဲ့သဖြင့် ဖမ်းဆီးခံရသူများထဲမှ အသက်မပြည့်သေးသော ၁၉ ဦးကို ယမန်‌နေ့ည ၁၀ နာရီခန့်ကလွတ်ပေးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ