ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) တွင်ပြုလုပ်ခဲ့သည့် သပိတ်စစ်ကြောင်းတစ်ခုအတွင်း မင်္သကာဖွယ်ရာ အမျိုးသားတစ်ဦး ဝင်လာသဖြင့် ဆန္ဒပြသူများက စစ်ဆေးခဲ့သည်ဟုသိရသည်။

သပိတ်စစ်ကြောင်းသည် မြစ်ကြီးနားမြို့မီးသတ်ရုံးရှေ့အရောက်တွင် အင်္ကျီအဖြူဝတ်ဆင်ထားသူ ဝန်ထမ်းအယောင်ဆောင်တစ်ဦး ဝင်ရောက်လာသဖြင့် ထိုသူအားသပိတ်စစ်ကြောင်းမှ ဖယ်ထုတ်ကာ မေးမြန်းမှုများပြုလုပ်ခဲ့သည်။

ထိုသူအား အမည်၊ နေရပ်လိပ်စာ မေးမြန်းသော်လည်း တိတိကျကျဖြေကြားခြင်းမပြုသဖြင့် သပိတ်စစ်ကြောင်းတွင် ဆက်လက်ပါဝင်ခွင့်မပြုဘဲ ဖယ်ရှားခဲ့သည်ဟု သိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ