ဝိုင်းမော်မြို့နယ် ရပ်ကွက် (၁) တွင် ဖွင့်လှစ်ထားသည့် V8 ကေတီဗွီဆိုင်သည် နံနက် ၄ နာရီအထိ အသံဆူညံစွာ ဆိုင်ဖွင့်လှစ်လေ့ရှိသောကြောင့် ရပ်ကွက်နေပြည်သူများ ဒုက္ခရောက်နေပြီး သက်ဆိုင်ရာအာဏာပိုင်များကို အကြိမ်ကြိမ်တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိဟုဆိုသည်။

V8 ကေတီဗွီဆိုင်ပိုင်ရှင်ဖြစ်သူက ရပ်ကွက်နေပြည်သူများနှင့် အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်မည်ဟု ဆိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ