စစ်ကိုင်းတိုင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သည့် နန်းယွန်းမြို့အဝင် စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့က နာဂလူငယ်သုံးဦး ဖမ်းဆီးခံခဲ့ရကြောင်းသိရသည်။

နာဂလူငယ်သုံးဦးကို နန်းယွန်းမြို့ စစ်ကောင်စီတပ် ခ.လ.ရ (၁၂၆) တွင် ဖမ်းဆီးထားကြောင်း ရှင်ဗွေယန် ဒေသအရေးနှင့်လူငယ်အရေးလုပ်ရှားသူ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ လူငယ်တစ်ဦးက The 74 Media ကိုပြောသည်။

“နာဂရိုးရာ လူကြီးတွေနဲ့ ကလေးမိဘတွေ သွားတွေ့ဖို့ စီစဉ်ထားတယ်။ နန်းယွန်းက ဒေသခံလူကြီးတွေနဲ့ ချိတ်ဆက်ပြီးသွားဖို့ လုပ်ထားတယ်” ဟုပြောသည်။

ဖမ်းဆီးခံခဲ့ရသည့် လူငယ်သုံးဦးမှာ အသက် ၂၀ ဝန်းကျင် လူငယ်များဖြစ်ပြီး ပန်ဆောင်မြို့ နှင့် ရှင်ဗွေယန် မြို့တို့မှ ဖြစ်ပြီး နာဂလူမျိုးဖြစ်ကြောင်း သူကဆက်ပြောသည်။

မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးထားသည်ကိုမူ မသိရှိရသေးကြောင်း နောက်ထပ် ဒေသခံတစ်ဦး ထံမှသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏၂၀၁၉ ခုနစ်ထုတ်ပြန်ချက်အရ လူဦးရေ ၅၇၁၀၁ ဦး နေထိုင်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နန်းယွန်းမြို့တွင် အဆိုပါ လူငယ်သုံးဦးမှာ ပထမဆုံးဖမ်းဆီးခံရသူများဖြစ်ကြောင်းသိရသည်။

ပုံ/ ဖမ်းဆီးခံရသော နာဂလူငယ်သုံးဦး။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ