ငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုသဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဓမ္မဆရာသုံးပါး ယနေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ၅နာရီ ခွဲခန့်တွင် ပူတာအိုနမ်ဟော့အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

နောင်မွန်မြို့မှ ဓမ္မဆရာ သုံးဦးသည် မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းဝတ်ပြုအစည်းအဝေးပြုလုပ်ချိန် ဦးဆောင်ခဲ့သောကြောင့်ဟုဆိုကာ မတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဓမ္မဆရာသုံးပါးနှင့်အတူ ဧပြီလ ၇ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည့် ပူတာအိုမြို့ လုံးစွပ်ရပ်ကွက်ရှိ Y&H သွားနှင့်ခံတွင်းဆေးခန်းမှ ဒေါက်တာဟိန်းသူရဇော်လည်း ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဒေါက်တာဟိန်းသူရဇော်သည် မိုးကုတ်ဇာတိဖြစ်ပြီး ပူတာအိုမြို့တွင် ၂၀၂၀ ဇူလှိုင်လမှ စတင်ကာ သွားဆေးခန်းဖွင့်ခဲ့သူဖြစ်ကာ ပူတာအိုဆေးရုံမှ ဆေးစာအုပ်ဖြင့် လာရောက်ကုသပါက ကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းလျှော့ယူမည်ဟု ရေးသားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ