စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် နဘတ်ကြီးရဲစခန်း ယနေ့ အောက်တိုဘာ ၁၈ ရက်နံနက် ၁ နာရီခွဲခန့်က ဗုံးခွဲဖျက်ဆီးခံရကြောင်း သိရသည်။

ဗုံးကွဲမှုကြောင့် ရဲစခန်း၏ ရုံးခန်းနှင့် လက်နက်တိုက် မီးလောင်ပျက်စီးသွားကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။

“ဗုံး ၄ လုံးဖောက်တာ နဘတ်ကြီးရဲစခန်းရုံးခန်း ပြကျသွားတယ်။ နဘက်ကြီးရဲစခန်းရဲ့ ရုံးခန်းနဲ့ လက်နက်တိုက် ဗုံးခွဲဖျက်ဆီးခံရပြီး မီးလောင်ပြာကျသွားတယ်။ ကျန်တာတော့ မထိဘူး။” ဟုပြောသည်။

ထိုနဘတ်ကြီးရဲစခန်းက ရဲနှင့်စစ်သား ၁၀၃ ဦးသည် ယမန်နေ့က ကာပေါင်းကျရွာသို့ ရောက်နေစဉ် စခန်းဗုံးခွဲခံရခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် နဘတ်ကြီးအထက်တန်းကျောင်းနှင့် ရဲကင်းစခန်းသည်လည်း ဇွန်လ ၁ ရက်နေ့က မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဓာတ်ပုံ – ဇွန်လ ၁ ရက်နေ့က နဘတ်ကြီးရဲကင်း မီးရှို့ဖျက်ဆီးခံရစဉ်

================
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e

 

သင့်ထင်မြင်ချက်ရေးပေးပါ