ဖားကန့်တွင် ဖုန်းလိုင်းအချို့ပြတ်တောက်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ ဩဂုတ်လ ၂၀ ရက်နေ့၊ ည ၈ နာရီခန့်မှ စ၍ MPTနှင့် Telenor ဖုန်းအင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရကြောင်း သိရသည်။

MPTနှင့် Telenor ဖုန်းအင်တာနက်နှင့် ဖုန်းလိုင်းတစ်ချို့ ဖြတ်တောက်ခံထားရသည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“MPTနဲ့ Telenor အင်တာနက်တွေ မရတော့ဘူး၊ ဖွင့်ရင်လည်း အင်တာနက် တိုင်တောင် မပေါ်တော့ဘူး၊ ဖုန်းကဆက်လို့ရသေးတယ်၊ ဖုန်းလေးလုံး ခေါ်တာ သုံးလုံးက ခေါ်မရဘူး၊ တစ်လုံးက လိုင်းမကောင်းဘူး။” ဟု သူက ပြောသည်။

MPTနဲ့ Telenor များ၏ ဖုန်း အင်တာနက်ဖြတ်ခံထားရပြီး နေအိမ်တွင် တပ်ဆင်အသုံးပြုရသည့် Wifiနှင့် Ooredoo အင်တာနက်လိုင်းသာ အသုံးပြု၍ရကြောင်း သိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ