မြန်မာဂိုးသမားပြည့်လျှံအောင် ဂျပန်တွင် ဒုက္ခသည်ခိုလှုံခွင့် အသိအမှတ်ပြုလက်မှတ်ရရှိ

ဂျပန်နိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားခဲ့သည့် မြန်မာဂိုးသမားပြည့်လျှံအောင် ဒုက္ခသည်ခိုလှုံခွင့်အသိအမှတ်ပြုလက်မှတ် ယနေ့ရရှိခဲ့ကြောင်း သိရသည်။

မြန်မာဂိုးသမားပြည့်လျှံအောင် ဂျပန်တွင် ဒုက္ခသည်ခိုလှုံခွင့် အသိအမှတ်ပြုလက်မှတ်ရရှိ

 

ဒုက္ခသည်ခိုလှုံခွင့်ကို ဇွန်လ ၁၆ ရက်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်ပြီး နှစ်လကျော်အကြာ တရားဝင်ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံတွင် ရင်ဆိုင်နေရသည့်အခြေအနေနှင့်ပတ်သက်ပြီး လုံးဝနောင်တမရကြောင်းနှင့် သူ၏ပေးဆပ်မသည် မြန်မာနိုင်ငံမှ ပြည်သူများနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ကြောင်း ဂိုးသမားပြည့်လျှံအောင်က မီဒီယာများကို ပြောသည်။
“အခုလိုအခြေအနေမှာ ကျွန်တော်နောင်တမရပါဘူး၊ ကျွန်တော်လုပ်ခဲ့တာဟာ ယခုမြန်မာပြည်ကလူတွေရဲ့ ပေးဆပ်မှုနှင့် ယှဉ်လျှင်ဘာမှ မပြောပလောက်ပါဘူး” ဟု သူကဆိုသည်။
ဂျပန်နိုင်ငံတွင်နေထိုင်စဉ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို တတ်နိုင်သမျှပါဝင်သွားမည်ဟု သူက ဆက်ပြောသည်။
ဂိုးသမားပြည့်လျှံအောင်သည် ၂၀၂၁ခုနှစ်၊ မေလ ၂၈ရက်နေ့တွင် ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ မစတင်မီ လက်သုံး‌ချောင်းထောင်ကာ၊ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်းပြသခဲ့ပြီး မြန်မာပြည်ပြန်မည့် ဇွန်လ ၁၆ရက်‌နေ့တွင်မှ လေယာဉ်ပေါ်လိုက်ပါခြင်းမပြုဘဲ ဂျပန်တွင် နိုင်ငံ‌ရေးခိုလှုံရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ/ နုမောင်

သင့်ထင်မြင်ချက်ရေးပေးပါ