ဝိုင်းမော်တွင် ကျောင်းအပ်နှံရန် အုပ်ချုပ်ရေးမှူးများ စည်းရုံးနေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်တွင် ဩဂုတ် ၁၇ ရက်နေ့တစ်ရက်တည်းတွင ကိုဗစ် ၁၉ ပိုးတွေ့လူနာ စုစုပေါင်း ၃၂ ဦးထပ်တိုးကြောင်း ဝိုင်းမော်ပြည်သူ့ဆေးရုံအုပ်က သူ၏ ‌ေဖစ့်ဘုတ်လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။

ကိုဗစ်၁၉ ပိုးတွေ့လူနာ ၃၂ ဦးတွင် ခတ်ချို ဘုန်းတော်ကြီးကျောင်းမှ ရဟန်းနှင့် ကိုရင် ကျောင်းသား စုစုပေါင်း ၉ ပါး ပါဝင်ကြောင်းဒေါက်တာသိမ်းမြို့က ရေးသားထားသည်။
ကိုဗစ် တတိယလှိုင်းတွင် ဝိုင်းမော်မြို့နယ်ရှိ ငှက်ပျောခြံ၊ ရော်ဘာခြံ၊ စားသောက်ဆိုင်ဝန်ထမ်းများနှင့် လူငယ်ပြန်လည်ထူထောင်ရေးဌာနများ၌ ပိုးတွေ့ရှိမှု ပိုမိုများပြားလာနိုင်သည်ဟု သူကသုံးသပ်သည်။

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်တတိယလှိုင်း၌ သေဆုံးသူ စုစုပေါင်း ၂၇ ဦးရှိပြီး ပိုးတွေ့သူ စုစုပေါင်း ၈၂၁ ဦးရှိပြီ ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ