စစ်ကောင်စီတပ်ဖွဲ့ဝင်

မြန်မာနိုင်ငံနေရာအနှံ့တွင် နှစ်လအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခများတွင် စစ်ကောင်စီ ၁၂၀၀ ကျော်သေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လတစ်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲနှင့်ပဋိပက္ခဖြစ်စဉ်များတွင် စစ်ကောင်စီ ၇၄၃ ဦးနှင့် ဇွန်လအတွင်း ၃၈၇ ဦးသေဆုံးခဲ့သဖြင့် စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၃၀ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် နှစ်လအတွင်း လုပ်ကြံသတ်ဖြတ်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
အဆိုပါထုတ်ပြန်ချက်အရ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်များတွင် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်ပွားမှုအများဆုံးဖြစ်ပွားခဲ့ပြီး တင်္နသာရီတိုင်းတွင် တိုက်ပွဲဖြစ်ပွားမှု အနည်းဆုံးဖြစ်သည်။
နှစ်လတာကာလအတွင်း တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ပြည်သူ ၃၅၈ ဦးသေဆုံးခဲ့ပြီး ၁၃၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထုတ်ပြန်ချက်များကို ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၉ ရက်နေ့နှင့် ၁၁ ရက်နေ့များတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်အလက်များနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
မူရင်းထုတ်ပြန်ချက်များကို အောက်ပါလင့်ခ်တွင် ကြည့်ရှုနိုင်ပါသည်။
သင့်ထင်မြင်ချက်ရေးပေးပါ