ကေအိုင်အေ (kia)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီး ခ.လ.ရ ၅၈ တွင် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁ နာရီခန့်မှစတင်ကာ နှစ်ဖက်ပစ်ခတ်သံများကြားရကြောင်း သိရသည်။

လက်နက်ကြီး လက်နက်ငယ်များဖြင့် နှစ်ဖက်ပစ်ခတ်သံများကြားခဲ့ရကြောင်း ဒေသခံတစ်ဦးကThe 74 Mediaကိုပြောသည်။
“ ညလုံးပေါက်လိုပစ်တယ် အစောကြီးကတည်းက ပစ်လိုက်နားလိုက်နဲ့ရေလို့ရမှာမဟုတ်ဘူး။ ညလုံးပေါက်လိုပစ်နေတာလက်နက်သေးကော ကြီးကော ပစ်နေတာ KIA ကော ပစ်တယ်” ဟုသူက ပြောသည်။
ထို့ပြင် ပစ်ခတ်မှုသည် တစ်နာရီကျော် ကြာမြင့် ခဲ့ကြောင်းလည်း အခြားဒေသခံတစ်ဦးက ပြောသည်။
ပစ်ခတ်မှုများကြောင့် လက်နက်ကြီးတစ်လုံး ဝိုင်းမော်မြို့ လဘန်ကားလမ်းတွင် ကျခဲ့ကြောင်းလည်း ဒေသခံတစ်ဦးက ဆက်လက်ပြောသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခလရ ၅၈ တွင် လွန်ခဲ့သော ဇူလိုင်လ ၃၀ ရက်နေ့ နှစ်ဖက်ပစ်ခတ်မှု့ကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ