ဝိုင်းမော်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဆရာမဒေါ်လငန်လွမ်းနော ပြန်လွတ်ပြီ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှ မူလတန်းကျောင်းအုပ် ဆရာမ ဒေါ်လငန်လွမ်းနော အပါအဝင် ပညာရေးဝန်ထမ်းအချို့ မြစ်ကြီးနားမြို့ အကျဉ်းထောင်မှ ယနေ့ ဩဂုတ်လ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာကြောင်းသိရသည်။

ဝိုင်းမော်မြို့တွင် ဖမ်းဆီးခံခဲ့ရသည့် ဆရာမဒေါ်လငန်လွမ်းနော ပြန်လွတ်ပြီ

 

စစ်အာဏာရှင်စနစ် ဆန့်ကျင်ဆန္ဒပြရာမှ ဖမ်းဆီးခံခဲ့ရသည့် ဆရာမ လငန်လွမ်းနောအပါအဝင် ဆရာမ ခြောက်ဦး၊ ဆရာ တစ်ဦးနှင့် တရာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း ရှစ်ဦးပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဆရာမ လငန်လွမ်းနောသည် ဝိုင်းမော်မြို့တွင် ဖေဖော်ဝါရီလ၂၇ ရက်နေ့က စစ်အာဏာရှင်စနစ် ဆန့်ကျင် ဆန္ဒပြနေချိန် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ