ပူတာအို

ကချင်ပြည်နယ် ပူတာအိုမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သော အသက် ၈၀ ဝန်းကျင် အဘွားတစ်ဦးသည် ဇူလိုင်လ ၂၈ရက်​နေ့က ကိုဗစ် ၁၉ ဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

မိသားစုဝင်တစ်ဦးထံမှ ကိုဗစ်ကူးစက်ခံရပြီး​နောက် နေမကောင်းဖြစ်ကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမည်မ​ဖော်လိုသူ သတင်းရင်းမြစ်တစ်ဦးကThe 74 Mediaကိုပြောသည်။
“သူ့သားမက်ကနေ ကူးတာလို့ကြားတယ်။ တစ်အိမ်လုံးမှာ မကူးတာ နှစ်ယောက်ဘဲလွတ်တယ်။ ကိုဗစ်ဖြစ်ပြီး လေး ငါးရက် တစ်ပတ်လောက်ကြာမယ်။ အသက်လည်းကြီးပြီ အဘွားက” ဟု သူက ပြောသည်။
ဇူလိုင်လ ၂၈ ရက်နေ့ တစ်ရက်အတွင်း ပူတာအိုမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၂ ဦးရှိ​ကြောင်း သူကပြောသည်။

ကိုဗစ် ၁၉ တတိယလှိုင်း​ကြောင့် ပူတာအိုမြို့နယ်တွင် ဇူလိုင်လ ၂၈ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူပေါင်း ၉၂ ဦးထိရှိပြီး သေဆုံးသူနှစ်ဦးရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ