လင်းခေးမြို့

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ် နမ့်အွန်ကျေးရွာအခြေစိုက် ခလရ(၂၉၆) တပ်မှ ဗိုလ်မှူးကြီးတစ်ဦး ဇူလိုင်လ ၁၅ ရက်နံနက်ပိုင်းက ကိုယ်ကိုယ့်သတ်သေသွားကြောင်း သိရသည်။

အဆိုပါဗိုလ်မှူးကြီးသည် မိမိကိုယ်ကိုယ် သေနတ်ဖြင့် အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟု ရှမ်းပြည်အခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။
မည်သည့်အကြောင်းအရင်းကြောင့် သတ်သေသွားသည်ကို မသိရှိရကြောင်း သတင်းတွင် ဖော်ပြထားသည်။

လင်းခေးမြို့သည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်တစ်ခုဖြစ်ပြီး လူဦးရေ ၄၇၀၀၀ ကျော်ရှိကာ ရှမ်းနှင့် ပအိုဝ့်လူမျိုးများ အများစုနေထိုင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ