ပူတာအို

ကချင်ပြည်နယ် ပူတာအိုမြို့နယ်ရှိ စက်မှုသိပ္ပံကျောင်းဝင်းနေထိုင်သော အလုပ်သမားတစ်ဦးတွင် ဇူလိုင်လ ၁၃ ရက်နေ့ ကိုဗစ်ပိုးတွေ့ရှိကြောင်းသိရသည်။

စက်မှုသိပ္ပံကျောင်းဝင်းတွင် နေထိုင်သော ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးသည် နေမကောင်းသဖြင့် ကိုဗစ်၁၉ စစ်ဆေးရာမှ ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးကThe 74 Media ကိုပြောသည်။
” မြစ်ကြီးနားက အခုတစ်လောမှ တက်လာတာ နေမကောင်းဖြစ်လို့ ဒီနေ့ ဆေးရုံသွားပြတာပိုးတွေ့တယ် လို့ပြောတယ်။ သူ့အလုပ်ခွင်ထဲက လူတွေတောင် တော်တော်ကူးနေလောက်ပြီလို့ပြောကြတယ်။” ဟုသူကပြောသည်။
ပိုးတွေ့လူနာသည် ပူတာအိုခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေပြီး ကျန်ထိတွေ့ အလုပ်သမားများကိုလည်း ယနေ့တွင် စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သူကဆက်ပြောသည်။
မြစ်ကြီးနားမှ ပူတာအိုသို့ ရောက်ရှိလာသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း ၅ ဦးတွင်လည်း ဇူလိုင် ၁၂ ရက်နေ့က ကိုဗစ်၁၉ ပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။

ကိုဗစ်၁၉ တတိယလှိုင်းတွင် ကချင်ပြည်နယ် ပူတာအိုမြို့၌ ပိုးတွေ့လူနာ စုစုပေါင်း ၁၁ ဦးရှိပြီး ကချင်ပြည်နယ်တွင် ပိုးတွေ့ရှိသူ စုစုပေါင်း ၁၂၄၀ ဦး ရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ