ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့အတည်ပြု လူနာ နှစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပိုးတွေ့လူနာဖြစ်သောကြောင့် မီးသင်္ဂြိုလ်လိုက်ပြီဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။ “ပိုးတွေ့လူနာနှစ်ယောက် မနက်က တစ်ယောက် ညနေကတစ်ယာက် ဒီနေ့ဆုံးတယ်။ ဆုံးတဲ့သူတွေက အထက်ရေရှင်ကျေးရွာနဲ့ ဈေးကုန်းမှာနေကြတာ။ ဒီအတောအတွင်းမှာ တရားဝင်ပိုးစစ်ပြီး ဆုံးတာက သုံးယောက်ရှိပြီ။ သေဆုံးသူတွေကို တစ်နာရီအတွင်း PPE ဝတ်စုံအမြန်ဝတ်ပြီး မီးသင်္ဂြိုလ်လိုက်တယ်” ဟုသူကပြောသည်။ မိုးကောင်းမြို့နယ်မှ ပိုးတွေ့လူနာများနှင့် ထိစပ်သူ ၄၁ ဦးကို စစ်ဆေးရာ ၂၃ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။ ပိုးတွေ့ရှိသူများသည် မိုးကောင်းအခြေစိုက် ခမရ ၃၈၂ တွင် ဆေးကုသမှုခံယူနေပြီး ပိုးတွေ့လူနာများတွင် ကလေးများလည်း ပါဝင်ကြောင်းသိရသည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဇူလိုင်လ ၆ ရက်နေ့မှ ယနေ့ဇူလိုင် ၁၃ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၉၈ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိပြီဖြစ်သည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့အတည်ပြု လူနာ နှစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့တွင် ယနေ့ ဇူလိုင် ၁၃ ရက်နေ့တွင် ကိုဗစ်၁၉ ပိုးတွေ့အတည်ပြု လူနာ နှစ်ဦး ကွယ်လွန်သွားကြောင်း သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပိုးတွေ့လူနာဖြစ်သောကြောင့် မီးသင်္ဂြိုလ်လိုက်ပြီဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။ “ပိုးတွေ့လူနာနှစ်ယောက် မနက်က တစ်ယောက် ညနေကတစ်ယာက် ဒီနေ့ဆုံးတယ်။ ဆုံးတဲ့သူတွေက အထက်ရေရှင်ကျေးရွာနဲ့ ဈေးကုန်းမှာနေကြတာ။ ဒီအတောအတွင်းမှာ တရားဝင်ပိုးစစ်ပြီး ဆုံးတာက သုံးယောက်ရှိပြီ။ သေဆုံးသူတွေကို တစ်နာရီအတွင်း PPE ဝတ်စုံအမြန်ဝတ်ပြီး မီးသင်္ဂြိုလ်လိုက်တယ်” ဟုသူကပြောသည်။ မိုးကောင်းမြို့နယ်မှ ပိုးတွေ့လူနာများနှင့် ထိစပ်သူ ၄၁ ဦးကို စစ်ဆေးရာ ၂၃ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။ ပိုးတွေ့ရှိသူများသည် မိုးကောင်းအခြေစိုက် ခမရ ၃၈၂ တွင် ဆေးကုသမှုခံယူနေပြီး ပိုးတွေ့လူနာများတွင် ကလေးများလည်း ပါဝင်ကြောင်းသိရသည်။ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဇူလိုင်လ ၆ ရက်နေ့မှ ယနေ့ဇူလိုင် ၁၃ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၉၈ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိပြီဖြစ်သည်။

 

သေဆုံးသူနှစ်ဦးမှာ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပိုးတွေ့လူနာဖြစ်သောကြောင့် မီးသင်္ဂြိုလ်လိုက်ပြီဖြစ်သည်ဟု နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ပိုးတွေ့လူနာနှစ်ယောက် မနက်က တစ်ယောက် ညနေကတစ်ယာက် ဒီနေ့ဆုံးတယ်။ ဆုံးတဲ့သူတွေက အထက်ရေရှင်ကျေးရွာနဲ့ ဈေးကုန်းမှာနေကြတာ။ ဒီအတောအတွင်းမှာ တရားဝင်ပိုးစစ်ပြီး ဆုံးတာက သုံးယောက်ရှိပြီ။ သေဆုံးသူတွေကို တစ်နာရီအတွင်း PPE ဝတ်စုံအမြန်ဝတ်ပြီး မီးသင်္ဂြိုလ်လိုက်တယ်” ဟုသူကပြောသည်။
မိုးကောင်းမြို့နယ်မှ ပိုးတွေ့လူနာများနှင့် ထိစပ်သူ ၄၁ ဦးကို စစ်ဆေးရာ ၂၃ ဦးတွင် ထပ်မံပိုးတွေ့ရှိခဲ့ကြောင်း သူကဆက်ပြောသည်။
ပိုးတွေ့ရှိသူများသည် မိုးကောင်းအခြေစိုက် ခမရ ၃၈၂ တွင် ဆေးကုသမှုခံယူနေပြီး ပိုးတွေ့လူနာများတွင် ကလေးများလည်း ပါဝင်ကြောင်းသိရသည်။

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်တွင် ဇူလိုင်လ ၆ ရက်နေ့မှ ယနေ့ဇူလိုင် ၁၃ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၉၈ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ