ဟိုပင်မြို့မှ ပြည်သူ ၁၈ဦးတွင် ကိုဗစ်ပိုး​ တွေ့ရှိ

ကချင်ပြည်နယ် ဟိုပင်မြို့ရှိ ပြည်သူ ၂၃ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ ၁၈ ဦးတွင် ကိုဗစ် ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။

ဟိုပင်မြို့မှ ပြည်သူ ၁၈ဦးတွင် ကိုဗစ်ပိုး​ တွေ့ရှိ

 

ကိုဗစ် ပိုးတွေ့ရှိသူများတွင် အမျိုးသမီး တစ်ဦး၊ အမျိုးသား ၁၇ ဦးဖြစ်ပြီး ၎င်းအမျိုးသားများထဲတွင် အသက် (၆၀) အရွယ် အမျိုးသား တစ်ဦးလည်း ပါဝင်သည်။
အဆိုပါ လူနာများကို အနံပျောက်၍ ကိုဗစ်စစ်ဆေးခဲ့ရာမှ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်ပိုးတွေ့ရှိသူ တစ်ဦးက The 74 Mediaကိုပြောသည်။
“တစ်ခြားသူတွေကတော့ ပုံမှန်ပဲ မဖျားမနာဘူး၊ အနံ့မပျောက်ဘူး စစ်လိုက်မှပေါ်တာ၊ ကျွန်တော်ကတော့ ကျောက်ကပ်မကောင်းတော့ မောတယ်နဲနဲ၊ အနံ့ပျောက်တာ ရပ်ကွက်က သတင်းကြားလို့ လာခေါ်သွားတာ ကျွန်တော်က မနေ့ကနေ ဆက်သွယ်လိုက်တာ၊ စစ်ပေးတာက မိုးညှင်းက ဆရာဝန်လို့ပြောတယ်၊ အကုန်လုံး တူတူစစ်တာ” ဟု သူကပြောသည်။
ကိုဗစ်ပိုးတွေ့ရှိခဲ့သူများ​ နေထိုင်​သော ရပ်ကွက်များသည် မြို့မတောင်၊ မြို့မမြောက်၊ မြစံပယ် မြသီတာနှင့် မြသာယာရပ်ကွက်တို့ ဖြစ်ပြီး မိသားစုဝင်များနှင့် နေအိမ်တစ်ချို့ကို ယနေ့ညနေမှစ၍ အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၈ ဦးကို ဟိုပင် ဆေးရုံတွင် ၂ ဆောင်ခွဲ၍ ထားရှိထားကြောင်း နီးစပ်သူများထံမှ သိရသည်။

ကချင်ပြည်နယ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ဇူလိုင်လ ၄ ရက်နေ့အထိ ကိုဗစ် ၁၉ ပိုးတွေ့ရှိသူ စုစုပေါင်း ၁၄၄ ဦးရှိပြီဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ