မိုးကောင်းမြို့

ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ယနေ့ ဇူလိုင်လ ၂ ရက်နေ့ ည ၈နာရီခွဲခန့်မှ ၁၀ နာရီအချိန်အထိ လက်နက်ကြီး လက်နက်ငယ်သံများ အဆက်မပြတ်ကြားနေရကြောင်းသိရသည်။

မိုးကောင်းမြို့တွင်း လက်နက်ကြီးများ သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက the 74 media ကိုပြောသည်။
“ မြို့ထဲကို ပတ်ပစ်နေတာ သေနတ်သံက အချက်ရေ တစ်ရာကျော်ပြီ မြို့ကို ပတ်ပြီးပစ်နေတာ ဗုံးဖောက်ပြီး သေနတ်ပစ်ဖောက်နေတာ မြို့ထဲကို” ဟုသူကပြောသည်။
ထို့ပြင် ညမထွက်ရ အမိန့်မှာ ကိုးနာရီအချိန်ဖြစ်ပြီး ယနေ့ည ၈နာရီခွဲခန့်မှ စ၍ ပစ်ခတ်နေပြီး လမ်းသွားလမ်းလာ ပြည်သူများလည်းရှိနေချိန် ပစ်ခတ်နေကြောင်းလည်း သူက ဆက်လက်ပြောသည်။
မာရှယ်လောထုတ်ပြန်ထားချိန်မဟုတ်ပဲ ပစ်ခတ်သံများဆက်တိုက်ကြားနေရသောကြောင့် ဒေသခံပြည်သူများက စိုးရိမ်နေကြောင်းသိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ၂၁ မိုင်ဂိတ် ဇွန်လ ၃၀ ရက်နေ့ တွင် kia မှ ပစ်ခတ်မှု့ကြောင့် ရဲတစ်ဦးနှင့် ပြည်သူတစ်ဦးသေဆုံးခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ