ချီဖွေမြို့အဝင်တွင် စစ်ကောင်စီက ဂိတ်အသစ်ဆောက်လုပ်နေ

ကချင်ပြည်နယ်၊ ချီဖွေမြို့တွင် ယနေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်မှ စတင်ပြီး ချီဖွေမြို့အဝင်တွင် ကိုဗစ်ရောဂါ စစ်ဆေးရေးဂိတ်အသစ်ကို ဆောက်လုပ်နေကြောင်း သိရသည်။

ချီဖွေမြို့အဝင်တွင် စစ်ကောင်စီက ဂိတ်အသစ်ဆောက်လုပ်နေ

 

ယခင်က ကိုဗစ်ရောဂါ စစ်ဆေးရေးဂိတ်ကို ချီဖွေမြို့ပြင်တွင် ဆောက်လုပ်ထားသော်လည်း ယခုဂိတ်ကို မြို့အဝင်တွင် ဆောက်လုပ်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“မြို့အဝင် ရုပ်ထုနားမှာ ဂိတ်လုပ်နေကြတယ်၊ ကိုဗစ် စစ် အမျိုးမျိုး ဂိတ်တဲ့၊ ကျွန်တော်တို့က အရင်နေရာမှာ လုပ်ကြလေလို့ပြောရင် ရုပ်ထုနားမှာလုပ်ပါလို့ ပြောတယ်တဲ့” ဟု သူကပြောသည်။
အဆိုပါဂိတ်ကိုဆောက်လုပ်နေသူများက မိုင်းခွဲမည်ကို စိုးရိမ်သဖြင့် မြို့အဝင်တွင် ဆောက်လုပ်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သဖြင့် ချီဖွေမြို့ခံများက ဝေဖန်မှုများရှိနေသည်။
“မိုင်းခွဲမှာကြောက်လို့အဲနေရာမှာ ဆောက်တာလို့ပြောရင် ပြည်သူတွေက လူသားဒိုင်းလား” ဟု ဆိုသည်။

ချီဖွေမြို့သည် မြို့ဧရိယာ စတုရန်းမိုင် ၀.၀၈၄ ကျယ်ဝန်းပြီး အိမ်ထောင်စု ၃၁၂၄ စုရှိကာ ကချင်လူမျိုးအများစု နေထိုင်ကြသည်။

သင့်ထင်မြင်ချက်ရေးပေးပါ