မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက်တွင် ဓားခုတ်မှုဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်ရှိ တရုတ်စာသင်ကျောင်းအနီးတွင် ယနေ့ ဇွန်လ ၁၇ ရက် ည ၉ နာရီခန့်တွင် ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦး ဓားဖြင့် ခုတ်ခံရကြောင်းသိရသည်။

မြစ်ကြီးနား ရွှေညောင်ပင်ရပ်ကွက်တွင် ဓားခုတ်မှုဖြစ်ပွား

 

ရွှေညောင်ပင်ရပ်ကွက်ရှိ တရုတ်ကျောင်းအနီးတွင် အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်မောင်းနှင်လာချိန်တွင် အမည်မသိအမျိုးသားနှစ်ဦးမှ ဓားဖြင့် ခုတ်ခဲ့ခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူ တစ်ဦးက The 74 Media ကိုပြောသည်။
“သူက မရှမ်းမ အရက်ဆိုင်ကနေ အရက်သောက်ပြီး ဆိုင်ကယ်နဲ့ထွက်လာတာ သူ့နောက်ကနေ လူနှစ်ယောက်က ဓားနဲ့ ခုတ်ပြီး ထွက်ပြေးသွားပြီ ခုတ်ခံရတဲ့လူက ခေါင်းမှာ ဓားခုတ်ခံရပြီး လဲနေတာ သေမလား ရှင်မလားမသိဘူး အစက သူ့ကို ဘယ်ကလဲ မေးနေသေးတယ် နည်းနည်းဖြေသေးတယ် နောက်တော့ လူမှုကူညီရေး ကားပေါ်တင်တော့ လူနာက သတိလစ်သွားပြီ ရဲကားက နောက်မှရောက်လာတာ” ဟု သူကပြောသည်။
ဓားဖြင့် ခုတ်ခံရသူသည် မည်သူဖြစ်ကြောင်းကို The 74 Media မှ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် တရုတ်စာသင်ကျောင်းအနီးတွင် ယခင်ကလည်း ဓားခုတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယနေ့ညတွင် နောက်တစ်ကြိမ် ဖြစ်ပွားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ