မိုးညှင်းမြို့

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ သာယာကုန်းကျေးရွာအနီးတွင် ယနေ့ည ခြောက်နာရီခွဲခန့်က ပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများ ကြားရသည်ဟု ဒေသခံများထံမှ သိရသည်။

ဗုံးဖောက်ခွဲမှုနှင့် သေနတ်ပစ်သံတို့မှာ စစ်ကောင်စီတပ်က တစ်ဖက်တည်းပစ်ခတ် ဖောက်ခွဲနေခြင်းဖြစ််နိုင်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“စစ်တပ်ကပစ်တဲ့ပုံပဲ။ ဘာလို့ပစ်မှန်းတော့မသိဘူး။ တစ်ဖက်တည်းက ပစ်သံပဲ ။ထမင်းစားနေတုန်း ခြောက်ခွဲလောက်က ဗုံးသံက ၆ ချက်၊ စက်သေနတ်သံရောပဲ။ ဗုံးပစ်တာက လယ်တောတဲကနေ မြင်လိုက်တာ။ အခုတော့ ငြိမ်သွားပြီ”ဟု ပြောသည်။
သာယာကုန်းကျေးရွာတွင် ခလရ ၁၅ နှင့် အမှတ် ၂၀၈ အမြှောက်တပ်တို့ရှိပြီး ကေအိုင်အေတပ်ခွဲသို့ လှမ်းပစ်ခြင်းဖြစ်နိုင်သည်ဟု သူကဆက်ပြောသည်။
ပစ်ခတ်မှုကြောင့် ထိခိုက် ပျက်စီးမှုရှိ မရှိကို The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
သာယာကုန်းကျေးရွာတွင် ယခင်က အလားတူမိုင်းခွဲသံများနှင့် တစ်ဖက်တည်းပစ်ခတ်မှု မကြာခဏ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

Photo credit to rightful owner

သင့်ထင်မြင်ချက်ရေးပေးပါ