မြစ်ကြီးနား အ.ထ.က(၁) ​​ကျောင်းအုပ်ဆရာကြီး ဖမ်းဆီးခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အ.ထ.က(၁) ကျောင်းအုပ် ဆရာကြီးဦးသန်းဦးအား ဇွန်လ ၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့မှ လာရောက်ဖမ်းဆီးသွားသည်ဟု သိရသည်။

ယမန်နေ့ ည​နေပိုင်း ကျောင်းဆင်းချိန်တွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမည်မ​ဖော်လိုသူ ဆရာမတစ်ဦးက The 74 Media ကို ပြောသည်။
“မနေ့ညနေ ကျောင်းဆင်းပြီးချိန်ဖမ်းသွားတာ၊ စရဖ ၃ ယောက်ဟုတ်တယ်၊ ကျောင်းဂိတ်တဲနားမှာ ဖမ်းသွားတာ၊ ဆရာကြီးက ကျောင်းဝတ်စုံနဲ့ ” ဟု ​ပြောသည်။
ကျောင်းအုပ်ကြီးရုံးခန်းနှင့် ၎င်း၏နေအိမ်ကိုလည်းဝင်ရောက်ရှာဖွေမှုများ ပြုလုပ်သွားသည်ဟု သူကဆက်ပြောသည်။
လက်ရှိတွင် ကျောင်းအုပ်ဆရာကြီးအား ရဲစခန်းတွင်ထိန်းသိမ်းထားသည်ဟု ​နောက်ထပ် သတင်းရင်းမြစ်တစ်ဦးက ​ဆိုသည်။
မည်သည့်အ​ကြောင်းအရင်း​ကြောင့် ​​ဆရာကြီးအား ဖမ်းဆီးသွားသည်ကို​တော့ The 74 Media က ဆက်လက်စုံစမ်း​နေသည်။

​ကျောင်းအုပ်ဆရာကြီးဦးသန်းဦးသည် အ.ထ.က ၁ ​​​ကျောင်းတွင် ၂၀၁၉ခုနစ်မှ စတင်ပြီး ​ကျောင်းအုပ်တာဝန် ထမ်း​ဆောင်​နေသူတစ်ဦးဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ