မိုးကောင်း၊ နတ်ကြီးကုန်းတွင် သေနတ်သံများ ကြားရ

ကချင်ပြည်နယ်၊ မိုးကောင်းမြို့ နတ်ကြီးကုန်း အနီးတွင် ယနေ့ည ၉ နာရီခွဲခန့်က သေနတ် သံများ ကြားရကြောင်း ဒေသခံများထံမှ သိရသည်။

မိုးကောင်းမြို့တွင် စစ်ကောင်စီတပ်မှ ပတ်ကင်းပတ်နေစဉ် သေနတ်သံကြားရခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦက The 74 media ကိုပြောသည်။
“ငါး ချက်လောက် ကြားတယ်၊ ပထမက တစ်ချက်ထဲ ၊ ပြီးမှ ဆက် ပစ်တာ အတွဲ လေးချက်လောက်၊ သေနတ်သံက မိုးကောင်းတံတားဘက်က အရင် တပ်ကပတ်ကင်ပတ်နေတာ သေနတ်သံကြားပြီးမှ ရဲကားပတ်တာ” ဟုသူကပြောသည်။
မိုးကောင်းမြို့ရှိ နေရာတစ်ချို့တွင် ပေါက်ကွဲသံများနှင့် မိုင်းကွဲမှုများ မကြာခဏ ဖြစ်ပွားကြောင်းသိရသည်။

ဓါတ်ပုံ – CJ

သင့်ထင်မြင်ချက်ရေးပေးပါ