တရားလွှတ်တော်ရှေ့နေ ဦးသက်ထွန်းဦးကို ၅၀၅-က ဖြင့် အမှုဖွင့်ဖမ်းဆီး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်တွင် ဖမ်းဆီးခံလူငယ်များကို အမှုလိုက်ပေးနေသည့်
တရားလွှတ်တော်ရှေ့နေဦးသက်ထွန်းဦးကို စစ်ကောင်စီက ယနေ့ ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ဦးသက်ထွန်းဦးကို မြစ်ကြီးနားအကျဉ်းထောင်တွင် အမှုစစ်အပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ
ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည်ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက The 74 Media ကိုပြောသည်။
“အခု အမှတ် ၁ မှာဖမ်းထားတယ်လို့ကြားပါတယ်။ ၅၀၅-က နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတာလို့ ပြောတယ်၊
ဖမ်းခံရတာက အကျဉ်းထောင်မှာပါ” ဟု ပြောသည်။
ဦးသက်ထွန်းဦးသည် စစ်ကောင်စီက ဖမ်းဆီးထားသည့်သူများကို ဥပဒေရေးရာအကူအညီပေးနေသည့် ရှေ့နေတစ်ဦးဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ