ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီး ထပ်မံပစ်ခတ်ခံရ
ကချင်ပြည်နယ် ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာအနီးတွင် ယနေ့ ဇွန် ၂ ရက်နေ့ ညနေ ၅ နာရီခန့်
စစ်ကောင်စီတပ်၏ သင်္ဘောတစ်စင်း ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

 

ကသာမြို့မှ ဆန်တက်လာသော စစ်ကောင်စီတပ်၏ သင်္ဘောသည် ရွှေကူမြို့နယ် သာယာကုန်းနှင့် ကျောက်ကြီးကျေးရွာကြား အရောက်တွင်
ပစ်ခတ်ခံရခြင်းကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သာယာကုန်းနှင့် ကျောက်ကြီးကြားမှာ ပစ်ခံရတာ။ ခုတော့ နှစ်ဖက်အပြန်အလှန်ပစ်နေကြတယ်။
သေနတ်သံတွေရော လက်နက်ကြီးသံတွေရော ကြားနေရတယ်။” ဟုသူကပြောသည်။
နှစ်ဖက်အထိအခိုက်ကိုတော့ The 74 Media မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။
ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရေလမ်းမှတစ်ဆင့် စစ်အင်အားတိုးချဲ့နေသဖြင့်
စစ်သားများတင်ဆောင်လာသည့် ရေယာဉ်ကို မေလ ၂၈ ရက်နေ့ကလည်း ကေအိုင်အေမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *