ဖားကန့်မြို့နယ် ဆိုင်းတောင်တံတားထိပ်
ဖားကန့်မြို့နယ်၊ ဆိုင်းတောင်၊ ဆိပ်မူ ရပ်ကွက် ၃ တံတားထိပ်တွင် ယနေ့ ဇွန်လ ၁ ရက်နေ့၊ နံနက် ၁၀ နာရီ ခန့်က
စစ်ကောင်စီတပ်များ ဖြတ်သန်းချိန် ပေါက်ကွဲမှုနှင့် သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖားကန့်မြို့နယ် ဆိုင်းတောင်တံတားထိပ်

စစ်ကောင်စီတပ်များ တံတားပေါ်ရောက်ချိန် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဆိုင်းတောင် ရပ်ကွက် ၃ မှာ သေနတ်သံ ၈ ချက် ကြားရတယ်၊ ဗုံးလဲ တစ်လုံးကွဲတယ်။
ရဲတွေက တံတားထိပ်မှာ စစ်ဆေးရေးလုပ်ပြီးမှ
ကားနဲ့ပြန်တဲ့အချိန်မှာ တံတားပေါ်မှာ ရောက်မှပဲ ခွဲလိုက်တာ။
ရဲတွေလည်း နည်းနည်း ဒဏ်ရာရတယ်လို့ကြားတယ်” ဟု The 74 Media ကို သူကပြောသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု
ဒေသခံများပြောဆိုနေကြပြီး အတည်ပြုနိုင်ရန်အတွက် The 74 Media က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။
ဖားကန့်မြို့နယ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကေအိုင်အေတပ်ဖွဲ့တို့အကြား တိုက်ပွဲအများဆုံးဖြစ်ပွားသည့်ဒေသတစ်ခုဖြစ်ပြီး
ဧပြီလနှင့် မေလအတွင်း စစ်ကောင်စီတပ်များ၏ စခန်းငယ်အချို့ကို ကေအိုင်အေက သိမ်းပိုက်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ