ဖားကန့်မြို့နယ်၊ ဆိုင်းတောင်(ဆိပ်မူ) ရပ်ကွက်ဆယ်အိမ်မှူးဟောင်း တစ်ဦး ဓားထိုးခံရ၍ သေဆုံး

ဖားကန့်မြို့နယ်၊ ဆိုင်းတောင် (ဆိပ်မူ)ကျေးရွာ စန်းသီတာကုန်း ရပ်ကွက် ၁ တွင် ယနေ့ ဇွန်လ ၁ ရက်၊နေ့ ည ၇ နာရီခန့်က ဆယ်အိမ်မှူးဟောင်းတစ်ဦး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း သိရသည်။

အမည်မသိ လူ လေးဦးမှ ဆိုင်ကယ်နှစ်စီးဖြင့်လာပြီး ရာအိမ်မှူးဟောင်း ကိုရာဇကို ဓားဖြင့် ဝိုင်းခုတ်သဖြင့် အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“အလောင်းက ကြက်ခြေနီအဖွဲ့တွေ လူနာတင်ကားနဲ့ ခေါ်သွားကြတာ စစ်တပ်ကုန်းက ညဆိုအကုန်မှောင်ထားတာ ဘယ်သူမှမဖြတ်ရဲလို့ သွားမကြည့်ရဲကြဘူး၊ သူဆိုင်ကယ်နဲ့သွားတဲ့အချိန် ခုတ်တာ ၊အရင်ကတော့ NLDဟုတ်တယ်၊ အခုက ဒလန်လုပ်နေတာ၊ သာကူးပေါ့၊လုပ်ကြံခံရတဲ့သူတွေက ဟိုဘက်လိုလို ဒီဘက်လိုလိုတွေများတယ်” ဟု ပြောသည်။
ဖားကန့်မြို့နယ် မေလ ၁၀ ရက်နေ့က ဆန်းကြွယ် အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်ကို သူ၏ နေအိမ်တွင် ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးနှင့် ရာအိမ်မှူးများကို လုပ်ကြံသတ်ဖြတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်။

သင့်ထင်မြင်ချက်ရေးပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *