ဟိုပင်မြို့ ဝက်ကုန်းတံတားတွင်ပေါက်ကွဲ

ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ ဝက်ကုန်းတံတား(ခေါ်)နတ်ကြီးကုန်းတံတားတွင် မေလ ၂၄ ရက်နေ့ ညပိုင်းက ပေါက်ကွဲသည့် မိုင်းဒဏ်ကြောင့်အနီးရှိ မြို့မမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ဟိုပင်မြို့ ဝက်ကုန်းတံတားတွင်ပေါက်ကွဲ

 

မိုင်းပေါက်ကွဲမှုကြောင့် တံတားအနီးရှိ အုပ်ချုပ်ရေးမှူးရုံး၏ မှန်နှင့် မျက်နှာကျက်များ ထိခိုက်ပျက်စီးသွားကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“ရုံးကတော့ မှန်တို့ မျက်နှာကျက်တို့ ထိတယ်၊ ရုံးနဲ့ တံတားနဲ့က ပေ ၃၀၊ ၄၀ ဝေးတယ်၊ ရုံးမှာက လူနေတာ မဟုတ်ဘူး၊၊ ညဘက်ဆိုတော့ လူမရှိတာပေါ့၊ ရုံးက လူထိတယ်တော့ မကြားဘူး”ဟု ပြောသည်။
မိုင်းပေါက်ကွဲစဉ် သေဆုံးသွားသူ တစ်ဦး၏ ခန္တာကိုယ်အပိုင်းအစများသည် အုပ်ချုပ်ရေးမှုးရုံးဝင်းထဲအတွင်း ကျရောက်ခဲ့ပြီး လက်တလောတွင် ရုံးပိတ်ထားရကြောင်း သူကဆက်ပြောသည်။
ထို့အပြင် တံတားပျက်စီးသွားသည်ကို မသိရှိဘဲ ဆိုင်ကယ်နှင့်အတူ တံတားအောက်ပြုတ်ကျသွားသဖြင့် အမျိုးသားတစ်ဦး ထပ်မံသေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုနေကြသော်လည်း The 74 Media ကသီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

မိုင်းခွဲခံရသော ဝက်ကုန်းတံတား(ခေါ်)နတ်ကြီးကုန်းတံတား သည် မန္တလေး- မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးပေါ်မှရှိ အဝေးပြေးကားများ ဖြတ်သန်းသွားလာနေသောတံတားဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ