လက်နက်ကြီး ထိမှန်ပြီး စစ်ရှောင်ပြည်သူ ၄ ဦး သေဆုံး

ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် မေလ ၂၄ ရက် နံနက် ၁ နာရီခန့်က စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ဆံကြောင့် ကယန်းသာယာ(တောင်) ကျေးရွာ ဘုရားကျောင်းတွင် ထိမှတ်ခဲ့ပြီး စစ်ရှောင်ပြည်သူ လေးဦးသေဆုံးခဲ့သည်။

လက်နက်ကြီး ထိမှန်ပြီး စစ်ရှောင်ပြည်သူ ၄ ဦး သေဆုံး

 

လွိုင်ကော်မြို့နယ်အနီးတဝိုက်ရှိ ကျေးရွာများမှ ရွာသူရွာသားများက ဘုရားကျောင်းတွင် ခိုလှုံနေစဉ် လက်နက်ကြီးကျည်ဆံ ထိမှတ်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် စစ်ဆေးရေးဂိတ်များကို စီးနင်းတိုက်ခိုက်သိမ်းယူမှုများဖြစ်ပွားလျက်ရှိသည်။

သင့်ထင်မြင်ချက်ရေးပေးပါ