နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူးရုံးမီးလောင်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးရုံးသည် မေလ၂၃ ရက်နေ့ နံနက် ၂ နာရီခန့်က မီးလောင်ကျွမ်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။

နောင်နန်းတိုက်နယ် အုပ်ချုပ်ရေးမှူးရုံးမီးလောင်

 

ပလန ခဝါးခကျေးရွာရှိ ထိုအုပ်ချုပ်ရေးရုံးသည် ယနေ့နံနက်ပိုင်း ၂ နာရီခန့်တွင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက The 74 Media ကို ပြောသည်။
” ဒီမနက် ၂ နာရီလောက်မှာ လောင်သွားတာ၊ ဘယ်သူမှမီးသွားမသတ်ကြဘူး၊ ဒီတိုင်းပဲကြည့်ပဲကြည့်နေကြတာ” ဟု ပြောသည်။
မီးလောင်ကျွမ်းပြီး တစ်နာရီခန့်အကြာတွင် မီးသတ်ကားရောက်ရှိလာပြီး ယခုအချိန်တွင် ရဲများက စောင့်ကြပ်ကြည့်ရှုမှုများ ပြုလုပ်နေသည်ဟုလည်း သူကဆက်ပြောသည်။

နောင်နန်းကျေးရွာအုပ်စုတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် မေလ ၁၅ ရက်နေ့က ရွာသူရွာသားလူထုများနှင့် သွားရောက်တွေ့ဆုံခဲ့စဥ် ယခုလိုဆန္ဒများဖော်ထုတ်နေခြင်းဖြင့် စစ်အာဏာကိုအလွယ်တကူ ဖယ်ရှားပေးမည်မဟုတ်ကြောင်းကိုပြောဆိုခဲ့ပြီး ရွာသူရွာသားများအနေဖြင့်လည်း ထိုသို့လာရောက်တွေ့ဆုံခဲ့ခြင်းအား မလိုလားကာရှုံ့ချပြောဆိုခဲ့ခြင်းများ ရှိခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ