Breaking!!!
Breaking!!!
မိုးမောက်မြို့နယ် ကုန်းလောကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီခွဲခန့်က
စစ်ကောင်စီတပ်ဖွဲ့များ၏ ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့သည်ဟု သိရသည်။
Breaking!!!

 

ပျက်ကျခဲ့သည့်ရဟတ်ယာဉ်သည် ကုန်းလောကျေးရွာဘုန်းကြီးကျောင်းနား ပျက်ကျခဲ့ခြင်းဖြစ်ပြီး
ပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကုန်းလောကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
“ရဟတ်ယာဉ်ပျက်ကျလို့ အသက် ၂၀ ကျော်လောက်ရှိမယ်ထင်တယ်၊ မိန်းကလေးတစ်ယောက် ထိသွားတာ” ဟု ပြောသည်။
စစ်ရဟတ်ယာဉ်ကို ကေအိုင်အေက ပစ်ချခဲ့ခြင်းဖြစ်သည်ဟု
ဒေသခံများက ပြောဆိုကြသော်လည်း The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။
ဆက်လက်ဖော်ပြပါမည်။
သင့်ထင်မြင်ချက်ရေးပေးပါ