ပူတာအိုက ဖမ်းဆီးခံလူငယ် မိသားစုနှင့်​တွေ့ခွင့်မရ

ပူတာအိုမြို့တွင် မတ်လ ၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရ​သော ကိုနန်ဆိန်စိုင်းလင်းအောင်သည် ယခုအချိန်အထိ မိသားစုများနှင့် တွေ့ဆုံခွင့်မရသေးကြောင်း သူ၏ ဖခင်ဖြစ်သူက The 74 Media ကို ပြောသည်။

“သူရှိတဲ့နေရာမှာတော့ သွားလို့မရဘူးလို့ပြောတယ်၊ ကိုဗစ်ကြောင့်လေ၊ ဒီမနက်အထိတော့ ကျန်းကျန်းမာမာဟုတ်တယ်၊ တွေ့တော့မတွေ့ဘူး။ ဖုန်းကနေတော့ ဆက်သွယ်လို့ရတယ်” ဟု ပြောသည်။
ကိုနန်ဆိန်စိုင်းလင်း​အောင်ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားပြီး နမ်ဟော့ထောင်တွင် ဖမ်းဆီးထားသည်။
ပြန်လည်လွတ်မြောက်လာရန်အတွက် လူငယ်အချို့၏ လှုပ်ရှားမှုများရှိကာ ယခုအမှုနှင့်ပတ်သက်၍ ဖခင်အနေဖြင့် အတိအကျ မသိရှိကြောင်းပြောသည်။
ပူတာအိုမြို့တွင် နိုင်ငံရေးတက်ကြွလူပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည့် ကိုနန်ဆိန်စိုင်းလင်းအောင်သည်
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုကို မှတ်တမ်းဗီဒီယို ရိုက်ကူးနေချိန် စစ်သားများက လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခံရသည့် နန်ဆိန် စိုင်းလင်းအောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် KSPP ပါတီမှ ခေါင်လန်ဖူးမြို့နယ်လွှတ်​တော်ကိုယ်စားလှယ်အဖြစ်ဝင်​ရောက် ယှဥ်ပြိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ