လိုင်ဇာ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ အလဲန်းဘွမ်နှင့် မိုင်ဆပ်ပါနေရာများသို့ ယနေ့နံနက် ၁၁ နာရီခွဲခန့်က အာဏာသိမ်းစစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

ခယာတောင်ကြောပေါ်တွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး ၇ ကြိမ်ထက်မနည်းပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရသည်။

ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များအကြား ယခုရက်ပိုင်းအတွင်း တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး KIA က တပ်စခန်းအချို့ကို သိမ်းပိုက်ခဲ့သည်။

သင့်ထင်မြင်ချက်ရေးပေးပါ