Breaking News 47 Media

ဖားကန့်မြို့၊ စ​​ပေါ့ကျေးရွာ အနီးတွင် ယနေ့ မတ်လ ၂၆ ရက်နေ့၊ ည​နေ ၆နာရီ ၃၀ မိနစ်ခန့်က ဗုံး​ပေါက်ကွဲမှုဖြစ်ပွားခဲ့​ကြောင်း စ​ပေါ့ပြည်သူများထံမှ သိရသည်။

“ည​နေ ၆ခွဲလောက်မှာ ဗုံးပေါက်ကွဲသံ ၂ခါ ကြားလိုက်တယ်၊ သေနတ်သံလည်း ပါတယ်၊ ပြီးတော့ ပြန်တိတ်သွားတယ်၊ အခုထိတော့ အထိအခိုက်ရှိတယ်လို့ မကြားသေးဘူး” ဟု စ​​ပေါ့ပြည်သူတစ်ဦးက The 74 Media ကို ပြောသည်။
လက်ရှိအချိန်တွင် ဗုံးပေါက်ကွဲ​သောနေရာတွင် စစ်တပ်​ရောက်ရှိ​နေ​ကြောင်းသိရသည်။

ထို့အပြင် အလားတူ ဗုံးပေါက်ကွဲမှုဖြစ်စဥ်တစ်ခု ယ​နေ့၌ ဆိုင်းတောင်၊ ကျောက်သွေးတောင် အနီးတွင်လည်း ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။

သင့်ထင်မြင်ချက်ရေးပေးပါ