မြစ်ကြီးနားဒေသခံများ “အသံတိတ်သပိတ်” ဆင်နွဲ၊ ရဲများဆိုင်ဖွင့်ရန် လိုက်ပြေ

မြစ်ကြီးနားမြို့ခံပြည်သူများ ယနေ့နံနက်တွင် ဆိုင်အများစုကို ဖွင့်လှစ်ရောင်းခြင်းမပြုကြခြင်းဖြင့် အသံတိတ်သပိတ်ဆင်နွဲကြသည်။

မြစ်ကြီးနားဒေသခံများ “အသံတိတ်သပိတ်” ဆင်နွဲ၊ ရဲများဆိုင်ဖွင့်ရန် လိုက်ပြေ

 

မြစ်ကြီးနားမြို့ရှိ စျေး ၁ နှင့် စျေး ၂ မှ ဆိုင်ခန်းများနှင့် လူနေရပ်ကွက်များရှိ ဆိုင်ခန်းအများစုကို ပိတ်ထားပြီး အသံတိတ်သပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။
စျေး ၁ ရှေ့တွင် ရဲတပ်ဖွဲ့ဝင်များက ဆိုင်များကိုဖွင့်လှစ်ရန် တိုက်တွန်းမှုများရှိခဲ့သည်ဟု မျက်မြင်သက်သေတစ်ဦးက ပြောသည်။
“ရဲတွေကိုယ်တိုင် သော့ယူပြီး ဖွင့်နေတာ၊ ဘေးနားက ဆိုင်ခန်းတွေကိုလည်း ဆိုင်ဖွင့်ဖို့ လာပြောတယ်။ ဈေးသည်တွေကတော့ ကြောက်တာပေါ့ ရဲတွေက သေနတ်တွေနဲ့ ကားတွေနဲ့ လာပြောတာဆိုတော့ ဘာမှ ပြန်မပြောရဲကြဘူး”ဟု သူကပြောသည်။

မတ်လ ၂၄ ရက်နေ့တွင် “တိတ်ဆိတ်ခြင်း – အကျယ်လောင်ဆုံး ဟစ်ကြွေးသံ” လှုပ်ရှားမှုကို ရည်ရွယ်ချက်သုံးခုဖြင့် လှုပ်ဆောင်ကြရန် တိုက်တွန်းမှုများရှိခဲ့ပြီး မြစ်ကြီးနားဒေသခံများ ပါဝင်လာကြခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ