မြစ်ကြီးနားဒေသခံ အင်တာနက်ကုမ္ပဏီများ အင်တာနက်ဖြတ်တောက်မှုအတွက် အစားထိုးဝန်ဆောင်မှုပေးနေ

မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် ညသန်းခေါင်အချိန် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသောကြောင့် မြစ်ကြီးနားဒေသခံ အင်တာနက်ကုမ္ပဏီများသည် သုံးစွဲသူများ အဆင်ပြေစေရန် အစားထိုးဝန်ဆောင်မှုများပေးနေသည်ဟု သိရသည်။

မြစ်ကြီးနားဒေသခံ အင်တာနက်ကုမ္ပဏီများ အင်တာနက်ဖြတ်တောက်မှုအတွက် အစားထိုးဝန်ဆောင်မှုပေးနေ

 

နံနက် ၁ နာရီမှ ၉ နာရီအတွင်း အာဏာသိမ်းစစ်အုပ်စုက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသောကြောင့် MyNet ဝိုင်ဖိုင်အင်တာနက်လိုင်းသည် လိုင်းဖြတ်တောက်သည့်နာရီကိုတွက်ပြီး သုံးရက်ဆိုလျှင် တစ်ရက်အစားထိုး ဝန်ဆောင်မှု ပေးသည်ဟု MyNet ရုံးမှ ဝန်ထမ်းတစ်ဦးက The 74 Media ကို ပြောသည်။
“ဖြတ်ထားတဲ့နာရီ ပေါင်းလိုက်တယ်။ ၁နာရီ ကနေ၉နာရီဆို​တော့ ၈နာရီကြာတယ်။ သုံးရက်ပြည့်လျှင် တစ်ရက်အစားထိုးပေးတယ်။ စျေးနှုန်းကတော့ မပြောင်းဘူး” ဟု သူက ပြောသည်။
နံနက်ပိုင်း အင်တာနက်ဖြတ်တောက်​သောကြောင့် K-net ဝိုင်ဖိုင် အင်တာနက်သည် တစ်လကို ရာခိုင်းနှုန်းဖြင့်လျှော့ပေးသည်ဟု K-net မှ ဝန်ထမ်းတစ်ဦးက ပြောသည်။
” ကျွန်တော်တို့က တစ်လကို ၂၀%လျှော့ပေးတယ်။ စျေးပဲလျှော့ပေးတာ”ဟု ​သူကပြောသည်။
သုံးစွဲသူများသည့်အတွက် နာရီနှင့်တွက်ပြီး စျေးနှုန်းလျှော့ပေးပါသည်ဟု Manaw Link မှ ဝန်ထမ်းတစ်ဦးကပြောသည်။
” လစဥ်ကြေးနဲ့ဆို ပိုက်ဆံလျှော့ပေးတယ်။အချိန်တွေ နာရီတွေကောက်ပြီးတွက်ပေးလိုက်တာ။ သုံးလစာ ခြောက်လစာ တစ်နှစ်စာ plan ချုပ်သွင်းထားတဲ့လူတွေကိုကျတော့ နောက်ထပ်ပြည့် ပြန်ပေါင်းပြီး လျှော့ပေးနေပါတယ်”ဟု သူကပြောသည်။
နံနက်ပိုင်းအင်တာနက်လိုင်းဖြတ်တောက်သည့်အတွက် ဝိုင်ဖိုင်အင်တာနက်စျေးနှုန်းလျှော့ပေးသည်ဟု Knet ဝိုင်ဖိုင် အင်တာနက်ကို
လချုပ်ဖြင့် သုံးစွဲသူက ​ပြောသည်။
“လျှော့ပေးတယ် (၁)နာရီမှ ( ၉)နာရီ လိုင်း​ြဖ​​တ်လို့ဆိုပြီး ၄၀၀၀ လျှော့ပေးတယ်” ဟု သူကပြောသည်။

ဒေတာအင်တာနက်လိုင်းများကို စစ်အာဏာသိမ်းကောင်စီမှ မတ်(၁၆)ရက်နေ့မှ ဖြတ်တောက်ထားသဖြင့် မြန်မာတစ်ဝန်းလုံး ဝိုင်ဖိုင်အင်တာနက်အသုံးများလာသည်ဟု သိရပါသည်။

သင့်ထင်မြင်ချက်ရေးပေးပါ