စစ်ကောင်စီတပ်

ဖားကန့် မြို့နယ်၊ ကံစီးကျေးရွာရှိ အာဏာသိမ်းစစ်တပ်စခန်းမှ KIAတပ်စခန်းရှိရာ နေရာဘက်သို့ ယနေ့ နံနက် ၆:၄၅ မိနစ်ခန့် လက်နက်ကြီးဖြင့် ၂ ချက် ပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီမနက် ၆ ခွဲလောက်မှာတော့ ကံစီးစစ်တပ် စခန်းချထားတဲ့နေရာကနေ KIAတပ်စခန်းချထားတဲ့ ဘက်ကို လက်နက်ကြီးနဲ့၂ချက်ပစ်လိုက်တယ်၊ ကံစီးကနေပစ်တာကို ဆန်ခါတွေ အထိ ကြားရတယ် “ဟု ဒေသခံတစ်ဦးက The 74 Mediaသို့ ပြောသည်။
လက်နက်ကြီးပစ်ခတ်မှုကြောင့် အထိအခိုက်ခံရသူများ မကြားမိသေးကြောင်း သူက ဆက်ပြောသည်။
“စစ်တပ်ဘက်က ၂ချက် ပစ်ပြီးတာနဲ့ ဆက်မပစ်တော့ဘူး၊ ငြိမ်နေတယ် ခုချိန်ထိတော့ ဘယ်ချိန်ပြန်ထဖြစ်မလဲ မသိဘူး” ဟု ကံစီးဒေသခံထံမှ သိရပါသည်။
ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့တွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ပြည်သူ၂ဦး သေဆုံးပြီးနောက်တွင် စစ်တပ်နှင့်KIAတပ်ကြား တိုက်ပွဲများ ပိုမို ဖြစ်ပွားခဲ့ပြီး စစ်ရှောင်ပြည်သူများလည်း ရာနှင့်ချီ တိုးလာနေကြောင်း သိရသည်။

Photo Credit to Time

သင့်ထင်မြင်ချက်ရေးပေးပါ