ရန်ကုန်ရောက်ကချင်လူငယ်များ အင်းစိန်ထောင်ရှေ့တွင် အခြေခံလိုအပ်ချက်အသုံးအဆောင်အချို့မျှဝေ

ရန်ကုန်ရောက်ကချင်လူငယ်များအဖွဲ့မှ အင်းစိန်ထောင်ရှေ့တွင် ထောင်ဝင်စာလာရောက်တွေ့ဆုံသူများအတွက် အခြေခံလိုအပ်ချက်အသုံးအဆောင်များကို လူ ၁၀၀ အတွက် ယနေ့ မျှဝေပေးခဲ့သည်ဟု သိရသည်။

ရန်ကုန်ရောက်ကချင်လူငယ်များ အင်းစိန်ထောင်ရှေ့တွင် အခြေခံလိုအပ်ချက်အသုံးအဆောင်အချို့မျှဝေ

 

ယနေ့ထောင်ဝင်စာလာတွေ့သူများတွင် အာဏာရှင်စနစ်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံထားရသူများကို လာရောက်တွေ့ဆုံသူအများအပြားပါဝင်သည်။

လက်ရှိမြန်မာနိုင်ငံတွင်း အာဏာသိမ်းစစ်တပ်ကို သပိတ်မှောက်တဲ့ နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူ (၂၂၄) ဦးအထက်ရှိပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ (၂၂၅၈) ဦးထိရှိကာ ထောင်ဒဏ်ချမှတ်ခံရသူ (၁၅) ဦးနဲ့ ပြန်လည်လွတ်မြောက်လာသူ (၃၂၀) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကထုတ်ပြန်ထားပါတယ်။

သင့်ထင်မြင်ချက်ရေးပေးပါ