ကချင်လွတ်လပ်ရေးတပ်မတော်၏ တပ်မဟာ ၉ မှ ထုတ်ဝေ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိတပ်မဟာ ၉ က ထုတ်ပြန်သည်ဟု ယူဆရသည့် စာတစ်စောင်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

အဆိုပါစာတွင် ဘာသာရေးကျောင်းဝင်းများအတွင်း စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များ စခန်းချလာပါက ခွင့်မပြုရန်နှင့် ကုမ္ပဏီကားများ ပြည်သူအသုံးပြုသည့်ကားများအနေဖြင့် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များကို သယ်ယူပို့ဆောင်ခြင်းမပြုရန် သတိပေးထားသည်။
အထက်ပါစာကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ တပ်မဟာ ၉ က အမှန်တကယ်ထုတ်ပြန်ခြင်း ရှိ၊ မရှိကို The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

(KIA) ၏ တပ်မဟာ ၉ ဧရိယာသည် ဖားကန့်မြို့နယ်၊ ဟိုပင်နှင့် ကာမိုင်းမြို့နယ်များပါဝင်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ