ဖားကန့်မြို့ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ

ဖားကန့်မြို့တွင် ယနေ့ဆန္ဒပြသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြမ်းဖက်ဖြိုခွင်းစဉ် ဒဏ်ရာရရှိခဲ့သူများထဲမှ သုံးဦးသည် အရေးပေါ်ကုသမှုခံယူရန် လိုအပ်သဖြင့် မြစ်ကြီးနားသို့ ပို့ဆောင်လိုက်ပြီဟု သိရသည်။

ဖားကန့်မြို့ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ

 

ဖားကန့်ဆန္ဒပြပွဲတွင် လူတစ်ဦးသေဆုံးပြီး လူငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ရာ သုံးဦးကို မြစ်ကြီးနားသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်။
ဆန္ဒပြပွဲတွင် နောက်စေ့နှင့် ရင်ဘတ်များ၌ ကျည်ဆံထိမှန်ကာ နေရာတွင်ပင် သေဆုံးခဲ့သည့် ကိုကျော်လင်းထိုက်၏ခန္ဒာကိုယ်ကို ပြန်လည်သယ်ဆောင်သွားပြီဟုသိရသည်။

ဓာတ်ပုံ ၁ – ကိုကျော်လင်းထိုက်၏ခန္ဒာကိုယ်ကိုဆေးရုံမှ သယ်ဆောင်သွားစဉ်

ဓာတ်ပုံ ၂နှင့် ၃ – ဒဏ်ရာရရှိသူများမှ ထုတ်ယူခဲ့သည့် ရာဘာကျည်ဆံ

သင့်ထင်မြင်ချက်ရေးပေးပါ