ကိုယောတီဖာ

ဖေဖော်ဝါရီလ ၂၈ ရက်‌နေ့ညက ဖမ်းဆီးခံခဲ့ရသည့် လီဆူအနုပညာရှင် ကိုယောတီဖာကို ပုဒ်မ၅၀၅(က) ဖြင့် အမှုဖွင့်ထားသည်ဟု သိရသည်။

ကိုယောတီဖာကို မတ်လ ၁၂ ရက်နေ့တွင် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ဘောက်ဂျာက The 74 Media ကိုပြောသည်။
“၅၀၅(က)နဲ့ အမှုဖွင့်ထားတာပါ အခုနောက်ပိုင်းဖမ်းမိတဲ့ဟာတွေအားလုံးက ၅၀၅(က)နဲ့ အားလုံးကိုအမှုဖွင့်ထားတယ်” ဟု ပြောသည်။
ကိုယောတီဖာကို လာမည့် မတ်လ ၂၂ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်သည်ဟု သူကဆက်ပြောသည်။
ယခုလက်ရှိအချိန်တွင် ကိုယောတီဖာကို မြစ်ကြီးနားမြို့အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ရှေ့နေနှင့်လည်း တွေ့ခွင့်မရ‌သေးကြောင်းသိရသည်။

ကိုယောတီဖာကို ဖေဖော်ဝါရီလ၂၈ ရက် နေ့ ည ၁၁ နာရီခွဲအချိန်တွင် နေအိမ်မှလာရောက် ဖမ်းဆီးခေါ်‌ဆောင်သွားခြင်းဖြစ်သည်။

သင့်ထင်မြင်ချက်ရေးပေးပါ