ကာမိုင်းမြို့

ကချင်ပြည်နယ်၊ ကာမိုင်းမြို့တွင် ယနေ့နံနက်က လက်နက်ကြီးကျည် ထိမှန်ပေါက်ကွဲသဖြင့် သုံးဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက် ၆ နာရီနှင့် ၇ နာရီခန့်တွင် ကာမိုင်းမြို့၊ မြို့မ ၄ ရပ်ကွက်တွင် လက်နက်ကြီးကျည်ဆံတစ်လုံး ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၁၂ နှစ် ယောက်ျားလေး တစ်ဦး နှင့် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယောကျာ်းလေးတစ်ဦးသည် ဦးခေါင်းတွင်ထိမှန်ခဲ့ပြီး ကျန်တစ်ဦးမှာ ပေါင်တွင်ထိမှန်ခဲ့ကာ အမျိုးသမီးတစ်ဦးက ခြေသလုံးတွင် ထိမှန်ဒဏ်ရာရရှိခဲ့သည်။
ကာမိုင်းဗျူဟာကုန်းမှ နန့်ဟိုင်ကျေးရွာအနီးသို့ လက်နက်ကြီးပစ်ခတ်စဉ် ကျရောက်ပေါက်ကွဲခြင်းဖြစ်နိုင်သည်ဟု ကာမိုင်းဒေသခံတစ်ဦးက သုံးသပ်သည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများသည် မစိုးရိမ်ရဘဲ လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေသည်ဟု ဆိုသည်။

သင့်ထင်မြင်ချက်ရေးပေးပါ