မြစ်ကြီးနားမြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖြိုခွဲခံရ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့နံနက်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဖြိုခွဲခံခဲ့ရပြီးအချို့ဖမ်းဆီးခံရသည်ဟု သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစစ်ကြောင်းသည် ဒူကထောင်ရပ်ကွက်၊ နံနက်ဈေးအနီးအရောက်တွင် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များက ဖြိုခွဲခဲ့သဖြင့် အချို့အဖမ်းခံရသည်ဟု မျက်မြင်တစ်ဦးက The 74 Media ကိုပြောသည်။
“ဖမ်းခံရတာ သုံးယောက်တွေ့လိုက်တယ်၊ အချုပ်ကားပေါ်တင်သွားတာ” ဟု ပြောသည်။

ဖမ်းဆီးခံရသည့် အရေအတွက်စုစုပေါင်းနှင့်ပတ်သက်ပြီး The 74 Media က သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။

သင့်ထင်မြင်ချက်ရေးပေးပါ