The 74 Mediaမှ သတင်းထောက် အပါအဝင် ဖမ်းဆီးခံရသူ အများအပြားပြန်လွတ်လာ
ဖေဖော်ဝါရီလ ၂၈ရက်နေ့က မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွင် သတင်းရယူနေသော The 74 Mediaမှ သတင်းထောက်အပါအဝင်
ဖမ်းဆီးခံရသူများသည် ည ၈နာရီခွဲခန့်က ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်သည်။
May be an image of one or more people, people standing, outdoors and crowd

 

မြစ်ကြီးနားမြို့၊ အထက ၂ အနီးမှ စတင်ထွက်ခွာလာသော သပိတ်စစ်ကြောင်းသည် စုရပ်မှ ထွက်ခွာပြီး ခဏအကြာတွင်
ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ပစ်ခတ်ဖြိုခွင်းခံရချိန်တွင် သပိတ်စစ်ကြောင်းတွင် ပါဝင်သော ပြည်သူ အများအပြား ဖမ်းဆီးခံခဲ့ရပြီး
The 74 Mediaမှ သတင်းထောက် မောင်ပေါင်လန်းတောင်ကိုမူ အောင်နန်းကက်သလစ်ဘုရားကျောင်းဝင်းအတွင်းရှိ အဆောက်အဦး၏ ဒုတိယထပ်မှ
သပိတ်စစ်ကြောင်းကို ရုပ်သံရိုက်ကူးနေစဉ် ရဲတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်။
ဖမ်းဆီးခံခဲ့ရသူများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ဖမ်းဆီးခေါ်ဆောင်သွားရာ PCG အဖွဲ့မှ သွားရောက် ညှိနှိုင်းခဲ့ပြီးနောက်
ယ​နေ့ည ၈နာရီခွဲခန့်တွင် The 74 Mediaမှ သတင်းထောက်အပါအဝင် ဖမ်းဆီးခံရသူ အမျိုးသား ၃၆ဦး၊ အမျိုးသမီး ၃၆ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။
ယနေ့ မြစ်ကြီးနားမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းလျှောက်သပိတ်စစ်ကြောင်း ၂ကြောင်းနှင့် ဆိုင်ကယ်သပိတ်စစ်ကြောင်း ၁ကြောင်းရှိပြီး လူဦးရေ သိန်းချီပါဝင်ခဲ့ကြသည်။
လမ်းလျှောက်သပိတ်စစ်ကြောင်း ၂ကြောင်းစလုံး စတင်ချီတက်ချိန်၌ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ လာရောက်၍ ရာဘာကျည်၊ မျက်ရည်ယိုဗုံးအသုံးပြုကာ
လူစုခွဲဖြိုခွင်းခဲ့သော်လည်း သပိတ်စစ်ကြောင်းများသည် မြို့တွင်း၌ ပေါင်းစည်းသွားခဲ့ကာ ၁၂နာရီခွဲခန့်တွင် လူစုခွဲသွားခဲ့သည်။
ဖေ​ဖော်ဝါရီလ ၂၈ရက်​နေ့က မြစ်ကြီးနားမြို့တွင် ၄နာရီကျော်ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်တွင် ပြည်သူ ၁၀ဦးခန့် သွေးထွက်ဒဏ်ရာရရှိခဲ့ပြီး
ဒဏ်ရာအပြင်းအထန်ရရှိခဲ့သော လူငယ်တစ်ဦးမှာလည်း ယခုအချိန်တွင် ပြန်လည်သက်သာလာပြီဖြစ်သည်။
သင့်ထင်မြင်ချက်ရေးပေးပါ