မြစ်ကြီးနားမြို့တွင် ထီလက်မှတ်အရောင်းကျဆင်း
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍
ထီဆိုင်အများအပြားတွင် ထီလက်မှတ်ရောင်းအား ကျဆင်းနေသည် ဟုထီဆိုင်ပိုင်ရှင်များထံမှသိရသည်။

 

မြစ်ကြီးနားမြို့မှ ထီလက်မှတ်အရောင်းဆိုင်များတွင် ထီလက်မှတ်ရောင်းအား ၈၀ ရာခိုင်နှုန်းအထိကျဆင်းနေသည်ဟု
ထီပင်ရင်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦးက The 74 media ကိုပြောသည်။
“ အရင်လ ထီရောင်းအားနဲ့အခုလက ကွာတာပေါ့၊ တစ်နိုင်ငံလုံး CDM လုပ်တော့လေ၊
ရာခိုင်နှုန်းကပြောရမယ်ဆိုရင် ၈၀% လောက်ကိုပြောင်းပြန်ဖြစ်သွားတာ၊
ကိုယ်လည်းမရောင်းတော့ဘူးလေကိုယ်လည်း CDM ထဲပါဝင်မှာပေါ့နော်” ဟု သူကပြောသည်။
အချို့ထီအရောင်းဆိုင်များတွင် တစ်ရက်လျှင် ထီလက်မှတ်တစ်စောင်ပင် မရောင်းရသောနေ့များလည်း ရှိသည်ဟု
ရှမ်းစုမြောက်ရပ်ကွက်ရှိ ထီအရောင်းပိုင်ရှင်တစ်ဦးကပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စတင်အုပ်ချုပ်သည့် ဖေဖော်ဝါရီလ လဆန်းပိုင်းမှ စတင်ကာ
အစိုးရဝန်ထမ်း မဟုတ်သော သာမန်ပြည်သူများ၏ CDM လှုပ်ရှားမှုအနေဖြင့်
အစိုးရ၏ ဘဏ္ဍာငွေ လည်ပတ်စီးဆင်းမှု ရပ်တန့်သွားစေရန် ရည်ရွယ်ပြီး
အခွန်ဆောင်ခြင်း ထီလက်မှတ် ကံစမ်းခြင်းများကို မပြုလုပ်ကြတော့ခြင်းဖြစ်သည်။
၂၅ ကြိမ်မြောက် အောင်ဘာလေထီဖွင့်မည့်ရက်အား မတ်လ ၁ ရက်နေ့အစား မတ်လ ၁၅ရက်နေ့သို့ပြောင်းလဲ ဖွင့်လှစ်မည်ဖြစ်ကြောင်း
စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ